အရောင်းမြင့်တင်ဖို့ အရင်ဆုံး ဘာလုပ်ဖို့ ဆုံးဖြတ်လိုက်ပါသလဲ
အဖြေမှန်မှာ →
新しい宣伝方法を試す
ကြော်ငြာနည်းအသစ်ကိုစမ်းသုံးကြည့်မယ်
————–
レストランで店のオーナーと店員二人が話しています。
男1 : このところ毎月売上が落ちている、客も減る一方だな。 何かいい対策はないかな。
男2 : 料理には自信を持ってるんですが、 お客様の好みが変わってきたんでしょうか。
女 : お客様からの料理の評価は高いですよね。
男1 : う、 となると……。
女 : あのう、思い切って店の雰囲気を変えてみたらどうでしょう? インテリアに特色をだして、 最近近所にできたレストランうちと似たような店ですけど、雰囲気がおしゃれって、 評判なんです。
男2 : 確かに、 でも店の中を大きく変えるためには結構長い間閉店しなくちゃいけないし、 費用もかかりますよね。
男1 : そうだな。
男2 : あの、 インターネットの掲示板に店の広告を出したら、 客が急増したところがあるってテレビで見ました。
男1 : そんなに宣伝効果があるもんなんだ。 それって簡単にできるの?
男2 : 簡単ですよ。 費用もそんなにかからないし。
男1 : うん、 前にドリンクの無料サービス券を配ったことがあったけど、 近所の人にしか利用してもらえなかったしな。 うちも時代に合わせて変わらないとね。
男2 : そうですね。
男1 : まあ、確かにインテリアの方もずいぶん変えてないから、こっちもいずれどうするか考えないとね。
————–
店の売上を上げるために、まず何をすることにしましたか。
料理の味を見直す
店のインテリアを変える
新しい宣伝方法を試す
サービスを見直す
————–
စားသောက်ဆိုင်တွင် ဆိုင်ပိုင်ရှင်နှင့် ၀န်ထမ်း ၂ဦး စကားပြောနေကြပါတယ်
အမျိုးသား ၁ – ဒီရက်တွေမှာ လစဉ်ရောင်းအားတွေ ကျဆင်းလာပြီး ဖောက်သည်အရေအတွက်လည်း လျော့ကျလာတယ်နော် တခုခု ဖြေရှင်းဖို့နည်းလမ်းကောင်းမရှိကြဘူးလား ။
အမျိုးသား ၂ – ဟင်းလျာတွေအပေါ် ယုံကြည်မှုရှိပေမဲ့လဲ ဧည့်သည်တွေများ အကြိုက်ပြောင်းသွားကြလို့များလား
အမျိုးသမီး – ဟင်းပွဲတွေက ဧည့်သည်တွေကြားမှာ ကျော်ကြားပါတယ်။
အမျိုးသား ၁- အင်း အဲ့လိုဆိုရင်
အမျိုးသမီး – ဟိုလေ စိတ်ဆုံးဖြတ်ပြီး ဆိုင်အတွင်းပိုင်း အပြင်အဆင်ကို ချိန်းလိုက်ရင်ရော ထူးခြားတဲ့ အရောင်လေးတွေ သုံးပြီတော့လေ တလောကအနားမှာဖွင့်တဲ့ ဆိုင်လိုမျိုးပေါ့ လှပတဲ့ ပတ်ဝန်းကျင်လေးနဲ့ ကျော်ကြားတယ်လေ၊၊
အမျိုးသား ၂- သေချာပေါက်လုပ်သင့်တာပေါ့ ဒါပေမဲ့ ဆိုင်အတွင်းပိုင်း အများကြီးပြောင်းလိုက်ဖို့ဆိုရင် ဆိုင်အကြာကြီးပိတ်ထားရမှာအပြင် ကုန်ကျစရိတ်လဲ များမှာနော်
အမျိုးသား ၁ – ဟုတ်တယ်နော်
အမျိုးသား ၂- ဟို အင်တာနတ် ကြော်ငြာဘုတ်မှာ ကြော်ငြာရင်ရော .. ရုတ်တရက် ဧည်သည်တွေ အများကြီးတိုးလာတယ်လို့ တီဗီမှာ ကြည့်လိုက်ရတယ်၊
အမျိုးသား ၁- ကြော်ငြာက အဲလောက်ကြီး ထိရောက်သလား ..လွယ်လွယ်ကူကူ လုပ်လို့ရလား
အမျိုးသား ၂- လွယ်ပါတယ် ကုန်ကျစရိတ်လဲ အဲ့လောက်မရှိပါဘူး
အမျိုးသား ၁ – အင်း အရင်တခေါက်က သောက်စရာအလကားပေးတဲ့လတ်မှတ်တွေဝေတာလဲ အနီးအနားက လူတွေပဲ သုံးကြတယ်နော် ..ငါတို့လဲ ခေတ်အလိုက် ပြောင်းလဲမှုတွေ မလုပ်လို့မရတော့ဘူး
အမျိုးသား ၂- ဟုတ်တယ်နော်
အမျိုးသား ၁ – အင်း..သေချာတာတော့ ဆိုင်တွင်းအပြင်အဆင်ကလဲ မလုပ်တာကြာနေပြီဆိုတော့ ဒါလဲ ဘယ်လိုလုပ်ရမလဲဆိုတာ မစဉ်းစားလို့ မရတော့ဘူး
————–
အရောင်းမြင့်တင်ဖို့ အရင်ဆုံး ဘာလုပ်ဖို့ ဆုံးဖြတ်လိုက်လဲ
ဟင်းအရသာကို ပြန်ဆန်းဆစ်မယ်
ဆိုင်းတွင်းအပြင်အဆင်ကို ပြောင်းလဲမယ်
ကြော်ငြာနည်းအသစ်ကိုစမ်းသုံးကြည့်မယ်
ဝန်ဆောင်မှုကို ပြင်ဆင်မယ်