歴史博物館(れきしはくぶつかん)で職員(しょくいん)三人が記念(きねん)イベントについて話しています。
သမိုင်းပြတိုက်တစ်ခုမှာ ဝန်ထမ်း ၃ ဦးက အထိမ်းအမှတ်ပွဲအကြောင်း ဆွေးနွေးနေကြပါတယ်။男1:この歴史博物館の開館(かいかん)10周年(しゅうねん)記念イベントのことなんだけどね。
အမျိုးသား ၁ - ဒီသမိုင်းပြတိုက် ဖွင့်လှစ်ခြင်း (开馆) ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကိစ္စနဲ့ ပတ်သက်လို့ပါ။
市の小中学生に市内にある城(しろ)や遺跡(いせき)についてもっと関心(かんしん)を持ってもらえるような企画(きかく)をたてたいんだ。
မြို့ထဲက မူလတန်း၊ အလယ်တန်းကျောင်းသားတွေကို မြို့ထဲမှာရှိတဲ့ ရဲတိုက်တွေနဲ့ ရှေးဟောင်းအဆောက်အအုံတွေအပေါ် စိတ်ဝင်စားမှု ပိုရှိလာစေမယ့် အစီအစဉ်မျိုး ဆွဲချင်တာပါ။
歴史に実感(じっかん)をもってもらうせっかくの機会(きかい)だからね。何かいい案(あん)はないかな。
သမိုင်းကို လက်တွေ့ကျကျ ခံစားသိရှိစေမယ့် အခွင့်ကောင်းမို့လို့လေ။ တစ်ခုခု အကြံကောင်း မရှိဘူးလား။
女:そうですね。例えば、遺跡を身近(みじか)に感じてもらうために、古代(こだい)の人々が身(み)につけていたアクセサリーを実際に作ってみるとか、
အမျိုးသမီး - ဟုတ်ကဲ့။ ဥပမာ ရှေးဟောင်းအမွေအနှစ်တွေကို ရင်းနှီးကျွမ်းဝင်လာအောင် ရှေးခေတ် လူတွေ ဝတ်ဆင်ခဲ့တဲ့ လက်ဝတ်ရတနာတွေကို လက်တွေ့ လုပ်ကြည့်တာမျိုးဖြစ်ဖြစ်၊
あるいは山城(やまじろ)でクイズ形式(けいしき)でお城の謎(なぞ)を解きながら、中を探検(たんけん)するツアーをするとか。
ဒါမှမဟုတ် တောင်ပေါ်ရဲတိုက်မှာ ပဟေဠိ ပုံစံနဲ့ ရဲတိုက်ရဲ့ လျှို့ဝှက်ချက် တွေကို ဖြေရှင်းရင်း အတွင်းထဲကို စူးစမ်းလေ့လာတဲ့ Tour မျိုး လုပ်တာမျိုးပေါ့။
どちらも歴史になじみがない小中学生にも楽しんでもらえると思います。
ဒီနှစ်ခုလုံးက သမိုင်းနဲ့ သိပ်မရင်းနှီးတဲ့ ကျောင်းသားတွေအတွက်လည်း ပျော်စရာကောင်းမယ် ထင်ပါတယ်။
男1:なるほど。でも、アクセサリーだと男の子、集(あつ)まるかな。クイズのほうは子供たちも喜びそうだね、ゲーム感覚(かんかく)で。ほかにはどう?
အမျိုးသား ၁ - ဟုတ်သားပဲ။ ဒါပေမဲ့ လက်ဝတ်ရတနာဆိုရင် ယောကျ်ားလေးတွေ လာစုပါ့မလား။ ပဟေဠိဖြေတဲ့ဘက်ကတော့ ကလေးတွေ ဂိမ်းဆော့သလိုမျိုး ပျော်ကြမယ့်ပုံပဲ။ တခြားရော ဘာရှိသေးလဲ။
男2:そうですね。市内には歴史を研究(けんきゅう)している市民(しみん)サークルがあります。
အမျိုးသား ၂ - ဟုတ်ကဲ့၊ မြို့ထဲမှာ သမိုင်းကို သုတေသနလုပ်နေတဲ့ အရပ်ဘက် အဖွဲ့အစည်း တွေ ရှိပါတယ်။
その方たちにガイドをしてもらって、市内に複数(ふくすう)ある遺跡を一緒にたずねるっていうのはどうでしょうか。
သူတို့ကို လမ်းညွှန်လုပ်ခိုင်းပြီး မြို့ထဲက ရှေးဟောင်းနေရာ အနှံ့အပြားကို အတူတူ သွားရောက်လည်ပတ်တာမျိုးကော ဘယ်လိုလဲ။
男1:それもいいね。
အမျိုးသား ၁ - အဲဒါလည်း ကောင်းတာပဲ။
女:でも、それでは、ガイドをする人によって内容(ないよう)がばらばらになりそうですし、それに、遺跡を巡(めぐ)るとなると長時間歩きますから、子どもには…
အမျိုးသမီး - ဒါပေမဲ့ အဲဒီလိုဆိုရင် လမ်းညွှန်ပေးတဲ့လူအပေါ်မူတည်ပြီး အကြောင်းအရာတွေက တစ်ဦးနဲ့တစ်ဦး တူမှာမဟုတ်တော့သလို၊ နေရာအနှံ့ပတ်ကြည့်ဖို့က အကြာကြီး လမ်းလျှောက်ရမှာဆိုတော့ ကလေးတွေအတွက်ကတော့...
男2:内容については職員(しょくいん)が取りまとめて調整(ちょうせい)可能(かのう)だと思うんですよ。
အမျိုးသား ၂ - အကြောင်းအရာနဲ့ ပတ်သက်လို့ကတော့ ဝန်ထမ်းတွေက စုစည်းပြီး ညှိနှိုင်းပေးလို့ ရမယ်ထင်ပါတယ်။
で、市民サークルに呼びかけて、何か歴史が学べるような展示会(てんじかい)を催(もよお)したらどうでしょう。
ပြီးတော့ အဲဒီအဖွဲ့တွေကို ဖိတ်ခေါ်ပြီး သမိုင်းအကြောင်း လေ့လာနိုင်မယ့် ပြပွဲ မျိုး ကျင်းပရင်ကော ဘယ်လိုလဲ။
市民サークルにとっても、日頃(ひごろ)の成果(せいか)がアピールできて、良い場になると思います。
သူတို့အတွက်လည်း နေ့စဉ် လေ့လာထားတဲ့ အောင်မြင်မှုတွေကို ထုတ်ဖော်ပြသနိုင်မယ့် နေရာကောင်းတစ်ခု ဖြစ်မှာပါ။
女:展示会だと歴史好きの子は来てくれるかもしれませんが、そうじゃない子は…やっぱり歴史になじみがなくても気軽(きがる)に参加できるような企画がいいと思います。
အမျိုးသမီး - ပြပွဲဆိုရင် သမိုင်းကြိုက်တဲ့ကလေးတွေပဲ လာနိုင်ပြီး၊ မကြိုက်တဲ့ကလေးတွေကျတော့... သမိုင်းကို မရင်းနှီးရင်တောင် ပေါ့ပေါ့ပါးပါးဝင်နိုင်မယ့် အစီအစဉ်မျိုးက ပိုကောင်းမယ် ထင်ပါတယ်။
男1:うん、小中学生にはゲーム感覚で参加できるものがいいだろうな。で、それを市民サークルに手伝ってもらうことにしよう。
အမျိုးသား ၁ - အင်း၊ ကျောင်းသားတွေအတွက် ဂိမ်းဆော့သလို ပါဝင်နိုင်တဲ့အရာက ပိုကောင်းမှာပဲ။ အဲဒီအစီအစဉ်ကိုပဲ အရပ်ဘက်အဖွဲ့အစည်းတွေကို ကူညီခိုင်းကြစို့။
こちらでは思いつかないようなアイディアを出してくれたりして、面白いかもしれないし。よし、じゃあ、その方向で考えてみよう。
ကျွန်တော်တို့ဘက်က မစဉ်းစားမိတဲ့ Idea တွေ ထွက်လာနိုင်လို့ စိတ်ဝင်စားဖို့ကောင်းမှာပါ။ ကောင်းပြီ၊ အဲဒီလမ်းကြောင်းအတိုင်းပဲ စဉ်းစားကြစို့။
===========
Options (ရွေးချယ်စရာများ)
(1)古代(こだい)風(ふう)のアクセサリーを作る(つくる)企画(きかく)
ရှေးခေတ်စတိုင် လက်ဝတ်ရတနာများ ပြုလုပ်သည့် အစီအစဉ်
(2)クイズを解きながら中山(やま)城(じろ)を探検(たんけん)する企画(きかく)(အဖြေမှန်)
ပဟေဠိဖြေရင်း တောင်ပေါ်ရဲတိုက်ကို စူးစမ်းလေ့လာသည့် အစီအစဉ်
(3)市内(しない)の遺跡(いせき)巡(めぐ)りをする企画(きかく)
မြို့တွင်းရှိ ရှေးဟောင်းနေရာများသို့ လှည့်လည်ကြည့်ရှုသည့် အစီအစဉ်
(4)歴史(れきし)に関する(かんする)展示会(てんじかい)をする企画(きかく)
သမိုင်းနှင့်ပတ်သက်သော ပြပွဲပြုလုပ်သည့် အစီအစဉ်
==============
ရှင်းလင်းချက်-
အမျိုးသား ၁ (ခေါင်းဆောင်) က "ကျောင်းသားတွေအတွက် ဂိမ်းဆော့သလို ပါဝင်နိုင်တဲ့အရာက ပိုကောင်းမယ်" လို့ နောက်ဆုံးမှာ ဆုံးဖြတ်ခဲ့ပါတယ်။ အမျိုးသမီးဝန်ထမ်း အဆိုပြုခဲ့တဲ့ အစီအစဉ်နှစ်ခုထဲက "လက်ဝတ်ရတနာလုပ်တာ" ကို ယောကျ်ားလေးတွေ မလာမှာစိုးလို့ ပယ်ခဲ့ပြီး၊ "ပဟေဠိဖြေရင်း ရဲတိုက်ထဲ စူးစမ်းတာ" ကိုတော့ ဂိမ်းဆော့သလို ဖြစ်လို့ သဘောကျခဲ့ပါတယ်။